top of page
Search

Unicode နဲ့ စာရိုက်ကြမယ်

  • Writer: Thar Lynn Oo
    Thar Lynn Oo
  • May 21, 2020
  • 1 min read

မြန်မာပြည်ကဒီဇိုင်နာအများစု ရင်းနှီးကြတဲ့ မြန်မာ fonts တွေကတော့ W Art House fonts တွေပဲဖြစ်ပါတယ်။ W Art House font 70 က style တွေစုံလင်ပြီး typeface လိုချင်တာအားလုံးနီးပါးရှိပါတယ်။


ဒါပေမဲ့ ပြဿနာတစ်ခုက W fonts တွေက font သက်သက်သာဖြစ်ပြီး unicode စံနှုန်းကို မလိုက်နာထားပါဘူး။ မြန်မာစာကြီးပဲရိုက်ရင်တော့ ပြဿနာမရှိပေမဲ့ အင်္ဂလိပ်လိုရိုက်လိုက် မြန်မာလိုရိုက်လိုက်ဆိုရင်တော့ အဆင်မပြေတာလေးတွေ စတွေ့လာရပါပြီ။


- မြန်မာ အင်္ဂလိပ် font size မညီတာလိုက်ပြင်ရတာတွေ - စာလုံးက အပေါ်တက် အောက်ကျလို့ baseline shift လိုက်ညှိပေးရတာတွေ - စာလုံးပုံစံ (typeface) မကြိုက်လို့ ပြောင်းမယ်ဆိုရင် အပေါ်ကဟာတွေ အကုန်ပြန်လုပ်ရခြင်း

စတယ့်ပြဿနာတွေ လိုက်ရှင်းရတာကြုံဖူးကြမှာပါ။


Unicode font ကိုသုံးရင်တော့ ဒီလိုပြဿနာတွေ လိုက်မရှင်းရတော့ပါဘူး။ အချို့သောအလုပ်အပ်တဲ့သူတွေက သူတို့ရေးချင်တယ့်စာတွေကို Pyidaungsu font (unicode) နဲ့ရေးလာပေးတာ များပါတယ်။ စာသားနည်းတဲ့ ဒီဇိုင်းတွေမှာ ကိစ္စမရှိပေမဲ့ Poster လိုမျိုးစာတွေအများကြီးရေးရတဲ့ (body text) တွေများတဲဲ့ ဒီဇိုင်းမျိုးကို အကုန်ပြန်ရိုက်ရင်အမှားပါနိုင်ပါတယ်။

Unicode font နဲ့ စာပိုဒ်တွေရိုက်ထားရင်တော့ ကူးထည့်လိုက်ယုံပါပဲ။ Unicode fonts တွေရဲ့အားနည်းချက်ကတော့ အရေအတွက်အရမ်းမများပါဘူး W fonts လိုတစ်စုတစ်စီးတည်းမရှိပဲ လိုက်ရှာ စုဆောင်းရတာလေးတော့ အခက်အခဲရှိပါတယ်။

Unicode ကို Keymagic keyboard နဲ့ရိုက်လို့ရပါတယ် ဒီမှာသွား download လုပ်လို့ရပါတယ်။ https://keymagic.net/downloads/ အဆင့်ဆင့်သူပြသလိုသွင်းရုံပါပဲ

Typeface လှတယ့် unicode fonts လေးတွေလိုချင်ရင်ဒီမှာသွားကြည့်လို့ရပါတယ်။ ကိုယ်လိုချင်တယ့် စာသားရိုက်ထည့်လိုက်တာနဲ့ သူ့မှာရှိတယ့် font တွေအကုန်လုံးနဲ့ပြပေးမှာပါ။ https://saturngod.github.io/myanmar-unicode-fonts/

Fonts တွေ download လုပ်ဖို့နေရာပါ https://github.com/saturngod/myanmar-unicode-fonts

Photoshop နဲ့ Ai မှာစာရိုက်မရဖြစ်နေရင် Photoshop> Preferences> Type> World Ready layout ကိုသုံးပေးရမှာဖြစ်ပါတယ်။ Illustrator> Preferences> Type> Show Indic Options ကိုသုံးပေးရမှာဖြစ်ပါတယ်။



ree

 
 
 

Comments


bottom of page