top of page
Search

What the f*ont?

  • Writer: Thar Lynn Oo
    Thar Lynn Oo
  • May 21, 2020
  • 1 min read

အခုတစ်ခေါက် ပြောပြပေးမှာကတော့ မြေခွေးတွေ ခွေးတွေအလွယ်တကူရှာ လို့ရမည့် နည်းလေးပဲဖြစ်ပါတယ်။


အင်္ဂလိပ်စာမှာ “the quick brown fox jumps over the lazy dog” ဆိုတဲ့ စာကြောင်း ရှိပါတယ်။ Pangram လို့ ခေါ်ပါတယ်။ ဘာသာစကား တစ်ခုရဲ့ စာလုံးတွေအားလုံး ပါဝင်တဲ့ စာကြောင်းဖြစ်ပါတယ်။ Typeface တစ်ခုကို စမ်းကြည့်ချင်ရင် အဲ့ဒီစာကြောင်းလေး ရိုက်လိုက်တာနဲ့ A to Z အကုန် ပါဝင်ပြီးသား ဖြစ်ပါတယ်။


Font တွေသွင်းရင်လည်း ဒီစာကြောင်းလေးနဲ့ ပြလေ့ရှိပါတယ်။ မြန်မာစာ မှာလည်းရှိပါတယ် “သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေးဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။” ပဲဖြစ်ပါတယ်။ ကျနော်တောင် မရိုက်တက်ဖူး ကူးလာတာ။


Typeface ပေါင်းများစွာ ရှိပါတယ်။ အကုန်လည်း သိမှတ်မိဖို့ ခက်ခဲပါတယ်။ Typeface နဲ့ font ဆိုလို့ နှစ်ခုကိုကွဲ ဖို့လည်းလိုအပ်ပါတယ်။ Typeface က font အုပ်စုရဲ့ စတိုင်လို့ ပြောလို့ရပြီး font ဆိုတာ ကိုယ်သွင်းလိုက်တဲ့ font တစ်ခုချင်းစီ ကိုခေါ်တာဖြစ်ပါတယ်။ ဥပမာ Arial ဆိုတာ typeface (font အုပ်စု) ရဲ့နာမည်ဖြစ်ပြီး Arial Regular, Arial Italic, Arial Black စတာတွေက fonts တွေပဲဖြစ်ပါတယ်။

တစ်ခါတစ်လေ ကိုယ်ကြိုက်တဲ့ font လေးတွေတွေ့လို့ နာမည်သိချင်ပေမဲ့ မသိလိုက်ရတာ။ Client က သူသဘောကျ နှစ်သက်တဲ့ fonts လေးတွေပြလို့ font list ကို Up/down နဲ့လိုက်ရှာရတာ။ ကိုယ်သဘောကျတဲ့ ကြော်ငြာက fonts လေးတွေလိုချင်လို့ လိုက်ရှာနေရတာ စတာတွေကြုံဖူးကြမယ် ထင်ပါတယ်။ အဲ့လိုအပင်ပန်းခံစရာ မလိုတော့ပါဘူး။

ဓာတ်ပုံတစ်ပုံ ရှိရုံနဲ့ fonts တွေကို အလွယ်တစ်ကူ ရှာနိုင်ပါပြီ။ ကျနော်ပြောပြပေးမယ့် website လေးကတော့ what the font! ဆိုတဲ့ ဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ ကြော်ငြာ photo ကိုတင်၊ စာလုံးဝိုင်းပေးလိုက်တာနဲ့ font ကိုရှာပေးမှာဖြစ်ပါတယ်။ ဒီဇိုင်နာတွေ အတွက်အရမ်းအဆင်ပြေတဲ့ website လေးပဲဖြစ်ပါတယ်။

Fonts တွေရှာပြီးတာနဲ့ what the font! ဆိုဒ် က fonts နာမည်တွေနဲ့ နမူနာတွေ ပြပေးပါလိမ့်မယ်။ Fonts တွေလည်းရောင်းပါလိမ့်မယ်။ Font ရှာတွေ့ပြီဆိုတော့ fonts တွေ download လို့ရမယ့် ဆိုဒ်လေးတွေ ပြောပြပေးချင်ပါတယ်။ Free fonts တွေအတွက် စုံစုံလင်လင် ရှိတယ့် dafont, google fonts တို့မှာ ကူးလို့ရပါတယ်။ Premium fonts တွေလိုချင်ရင်တော့ လိုက်ရှာရပါတယ်။ Fonts တွေကူးတဲ့ အခါမှာလည်းတစ်ခုတည်း မကူးပဲ သူ့ font family အလိုက်လေး ကူးထားသင့်ပါတယ်။ အခုမလိုအပ်ရင်တောင် နောက်လိုတဲ့ အခါလိုက်မရှာရတော့ဘူးပေါ့။

Fonts တွေ auto ရှာရန်: https://www.myfonts.com/WhatTheFont/ Fonts တွေဒေါင်းရန်: https://www.dafont.com/ https://fonts.google.com/ https://www.download-free-fonts.com/ Premium fonts တွေကတော့: https://graphicex.com/ မှာရတက် ပါတယ်။ Links တွေ ads တွေနဲ့မို့ နည်းနည်း ရှုပ်ပါတယ်။ Paid fonts တွေစုံတဲ့ နေရာသိရင် comment မှာပြောပြပေးခဲ့ပါအုန်း။ Suggestions: https://allbestfonts.com/




 
 
 

Comments


bottom of page