top of page
Search

ပုံဖြတ်ရမှာ ပျင်းတဲ့ ဒီဇိုင်နာတွေကို mention ခေါ် ကြမယ်

  • Writer: Thar Lynn Oo
    Thar Lynn Oo
  • May 21, 2020
  • 1 min read

ပုံဖြတ်ရမှာ ပျင်းတဲ့ ဒီဇိုင်နာတွေကို mention ခေါ် ကြမယ်

အပိုင်း(၁)


ဒီဇိုင်းဘာသာရပ် ကိုစသင်ပြီဆိုတာနဲ့ အခြေခံအဖြစ် မဖြစ်မနေသင်ရတာ ပုံဖြတ်တာပါ။ ပုံဖြတ်တာ tools အများကြီးရှိတဲ့ အထဲမှာမှ အကောင်းဆုံး နဲ့ အသပ်ရပ်ဆုံး ကတော့ Pen tool ပါပဲ။ Pen tool က Photoshop ရဲ့ အခက်ခဲဆုံး tools တွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။


အဆင့်မြင့်တယ့် ကုန်ပစ္စည်းကြော်ငြာတွေ၊ ပုံဖြတ်ရခက်တယ့် product ပုံတွေဆိုရင် စရိုက်ထဲက green screen နဲ့ ခံရိုက်ထားရင် ဒီဇိုင်နာတွေ အတွက် အရမ်းအဆင်ပြေပါတယ်။ color range နဲ့ ဖြတ်လိုက်ရုံပါပဲ။ ဒါပေမဲ့ လက်တွေမှာတော့ အဲ့လိုမျိုး ပုံကောင်းကောင်း ပေးနိုင်တယ့် production မျိုးနဲ့ budget မျိုးကလည်း နာမည်ကြီးကုမ္မဏီ တွေလောက်သာလုပ်နိုင်ကြပါတယ်။ ဒီဇိုင်နာ တွေ အားလုံးကတော့ ရှိတယ့် ပုံနဲ့ အဆင်ပြေဆုံး အကောင်းဆုံး ဖြစ်အောင် လုပ်ပေး နေကြရတာပါပဲ။

ပုံဖြတ်တာအတွက် Pen tool နဲ့နှစ်ပါးသွားနေရအုန်းမှာဆိုတော့ Pen tool ကျွမ်းဖို့ အရေးကြီးပါတယ်။ တချို့ Pen tool ကို mouse နဲ့ ဖြတ်ရတာ အရမ်းခက်နေရင် pen tablet လေးနဲ့ စမ်းကြည့်ဖို့အကြံပေးပါတယ်။

Pen tablet ဆိုလို့ ဈေးကြီးတယ့် ဂျပန်ကုမ္မဏီကြီး ကိုပြေးမမြင်ပါနဲ့နော်၊ အခု ၅ သောင်း ၆ သောင်းလောက်နဲ့ ရနိုင်တယ့် တရုတ် pen tablet လေးတွေလည်းရှိပါတယ်။ Pen tablet နဲ့ ဖြတ်ကြည့်ပါ mouse ထက်အများကြီး ပိုလွယ်ပြီး အဆင်ပြေတာကိုတွေ့ရပါလိမ့်မယ်။

အလုပ်များတယ့် ဒီဇိုင်နာတွေ Pen tablet သုံးဖို့ အကြံပြုချင်ပါတယ်။ Mouse ထက်လည်းအများကြီး ပိုကိုင်လို့ကောင်းပြီး လက်နာတာတွေမဖြစ်ပါဘူး။ ရေရှည်မှာ အလုပ်တွေမြန်ပြီး ကျန်းမာရေးအတွက် ပိုကောင်းမှာမို့ ရင်းနှီးထားသင့်တယ့် ပစ္စည်းတစ်ခုပါပဲ။ နောက်တစ်ခေါက်မှာ တော့ ဖြတ်ပြီးသားပုံတွေရနိုင်မယ့် PNG ဆိုဒ်လေးတွေ အကြောင်းပြောပြပေးသွားမှာပဲဖြစ်ပါတယ်။




 
 
 

Comments


bottom of page