top of page
Search

ပုံဖြတ်စရာမလိုတော့ပါ

  • Writer: Thar Lynn Oo
    Thar Lynn Oo
  • May 21, 2020
  • 1 min read

ပုံဖြတ်စရာမလိုတော့ပါ…

အပိုင်း(၂)

အရင်တစ်ခေါက် က Pen tool အတွက် Pen tablet လေးနဲ့သုံးရင်အဆင်ပြေတယ့် အကြောင်းရေးခဲ့ပြီး အခုတစ်ခါ ကိုယ့်ဒီဇိုင်း အတွက် ဖြတ်စရာမလိုတဲ့၊ ဖြတ်ပြီးသားပုံတွေရနိုင်မယ့် ဆိုဒ်လေးတွေ ကျနော် သိမှတ် သလောက်လေး ပြောပြပေးချင်ပါတယ်။


PNG ဒေါင်းလို့ ရတယ့်နေရာတွေ မပြောပြခင်မှာ ဒီဇိုင်နာတွေအတွက် တရားဝင် free သုံးလို့ရတယ့်ပုံတွေတင်ထားတယ့် site တစ်ခုကိုအရင်ပြောပြပေးချင်ပါတယ်။ အများစုလည်း သိပြီးသားဖြစ်မှာပါ။ freepik ဆိုတယ့် ဆိုဒ်လေးပါ။ freepik မှာ ဆိုရင် vectors, photos, psd, icons စတယ့် ဒီဇိုင်းအတွက် လိုအပ်တယ့် အသုံးတည့်မယ့် ဖိုင်တွေ အခမဲ့ ကူးယူနိုင်ပါတယ်။

ဒီဖိုင် အမျိုးအစားလေး တွေကို vector နဲ့ icon ဆိုရင် Ai file ဘယ်လောက်ကြီးကြီး မဝါးတယ့်ဖိုင်၊ photo ကတော့ ဓာတ်ပုံတွေပါပဲ၊ psd ဆိုရင် ဒီဇိုင်း template အသင့်သုံး ဖိုင်တွေဖြစ်ပါတယ်။ အကောင့်မရှိရင် တစ်နေ့ ၃ ခု၊ free အကောင့်ဆိုရင် တစ်နေ့ ၁၀ ခုပဲ ပေးဒေါင်းပါတယ်။ ကျနော်ကတော့ အကောင့်မဝင်ပဲ အရင်ဒေါင်းတယ် မရတော့ရင် VPN ကျော်တယ်(အကောင့်ဝင်ထားရင် VPN ကျော်လို့မရ)။ တစ်နေ့ ၁၀ ခုလောက်ပဲကူးမယ် ဆိုရင် အကောင့်လေးနဲ့ လည်းအဆင်ပြေပါတယ်။

ဖြတ်စရာမလိုတယ့် ပုံတွေလို့ဆိုရာမှာ အများစုက ဓာတ်ပုံတွေကိုပဲပြေးမြင်ကြပါတယ်။ ဒီဇိုင်နာတော်တော် များများ ကလည်း Photoshop အဓိကသုံးတာမို့ Illustrator (Ai) ကို မေ့နေတက် ကြပါတယ်။ Freepik က ဒေါင်းထားတယ့် Ai file တွေကိုဖွင့်ပြီး ကိုယ်လိုချင်တယ့် ကာတွန်းရုပ်လေးတွေကို Photoshop ထဲကူးထည့်လို့ ရပါတယ်။ Cltr+C Cltr+V ကူးထည့်တယ့် အခါမှာ ဘယ်လိုကူးမလည်းမေးရင် smart object ကိုရွေးပြီး Add to my current library ကိုခြစ်ထားရင် ဖြုတ်ပေးပါ။ အခုခေတ်စားနေတယ့် ကာကွန်းကြော်ငြာလေးတွေဆိုရင် Ai နဲ့ဆွဲထားတာမဟုတ်ရင် အဲ့ဒီနည်းလမ်း နဲ့ လုပ်တာများပါတယ်။

နောက်ဖြတ်စရာမလိုတယ့် ပုံအမျိုးအစားကတော့ PNG ဖိုင်တွေပဲဖြစ်ပါတယ်။ ဒီတိုင်း Photoshop ထဲကိုကူးထည့် လိုက်ရုံပါပဲ။ PNG ဆိုဒ်တွေက တစ်နေ့တစ်ခု နှစ်ခုပဲပေးကူးတာတွေလည်း ရှိတက်ပါတယ်။ အောက်မှာတော့ ကျနော်သုံးနေတယ့် ဆိုဒ်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

Freepik: https://www.freepik.com/ PNGs Pngguru https://www.pngguru.com/ Favpng https://favpng.com/ Flaticon (ဒါလေးက icon packs လေးတွေစုံစုံလင်လင်ရနိုင်တယ့်နေရာပါ) https://www.flaticon.com/ Freepngs https://www.freepngs.com/




 
 
 

Comments


bottom of page