top of page
Search

ဒီဇိုင်းအလုပ်တွေအဆင်ပြေပြေနဲ့မြန်မြန်ပြီးစေမယ့် အချက် (၅) ချက်

  • Writer: Thar Lynn Oo
    Thar Lynn Oo
  • May 21, 2020
  • 1 min read

ဒီဇိုင်နာတွေရဲ့ အိမ်မက် ကတော့ ကိုယ်ဆွဲပြတယ့် ပထမဆုံး ဒီဇိုင်းကို client ကကြိုက်ပြီး အလုပ်ပြီးသွားတာပါပဲ။ ဒါပေမဲ့ လက်တွေ့မှာ အဲ့လိုမဟုတ်တဲ့အတွက် ဒီဇိုင်းတွေ အဆင်ပြေပြေနဲ့ မြန်မြန်ပြီးစေဖို့ အောက်ပါ အချက်တွေကို သိထားသင့်ပါတယ်။


၁။ Reference တောင်းပါ/ပြပါ အလုပ်လာအပ်တဲ့ သူတွေက သူငယ်ချင်းတွေ၊ အသိတွေ လည်းဖြစ်နိုင်ပေမဲ့ အများစုက ကိုယ်နဲ့အခုမှ ဆုံဖူးတဲ့သူတွေမို့ သူတို့အကြိုက်ကိုမှန်းရတာ ခက်ခဲနိုင်ပါတယ်။ ဒီဇိုင်နာအများစုက ကိုယ်စိတ်ကြိုက်ဆွဲ ပြီးသွားပြသော်လည်း မကြိုက်ဘူးနဲ့ ကြုံရတတ်ပါတယ်။ ဒီဇိုင်နာအမြင် နဲ့ client စိတ်ကူးထပ်တူကျမှ အဆင်ပြေမှာဖြစ်ပါတယ်။ Client တွေကို သူတို့ကြိုက်နှစ်သက်တဲ့ ပုံစံမျိုး၊ ကြော်ငြာမျိုး၊ logo မျိုးတွေ ပြပေးခိုင်းပါ။ Client ကဒီဇိုင်းနဲ့ ရင်းနှီးသူမဟုတ်ရင်လဲ ကိုယ်က reference လေးတွေပြပေးပါ။ Client အကြိုက်ကိုသိမှသာ အလုပ်တွေ အဆင်ပြေပြေနဲ့ မြန်မြန်ပြီး မှာဖြစ်ပါတယ်။


၂။ အချိန်ဇယားထားပါ အလုပ်များတဲ့ သူတွေမှ မဟုတ်ပဲ ဘယ်သူမဆို အချိန်ဇယားထားသင့်ပါတယ်။ ဒီနေ့တော့ client 1 ရဲ့ logo ဆွဲမယ် ညနေ version 1 ပြပေးမယ်၊ client 2 ရဲ့ social media post လေးလက်စသတ်ပြီး ပြန်ပို့ပေးရမယ်၊ page အတွက် စာလေးရေးရမယ်၊ အချိန်ကျန်သေးရင် တက်နေတဲ့ online class က သင်ခန်းစာလေးတွေ သွားကြည့်မယ် စသည်ဖြင့် အချိန်ဇယား အကြမ်းလေးထားသင့်ပါတယ်။ အလုပ်တွေအကုန်မပြီးတောင် အချိန်အကျိုးရှိစွာ သုံးဖြစ်သွားပါလိမ့်မယ်။


၃။ ရိုးသားပွင့်လင်းပါ ဒီဇိုင်းလာအပ်တဲ့ အခါမှာ client လုပ်ချင်တာ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်ရင် ပွင့်ပွင့်လင်းလင်း ပြောထားသင့်ပါတယ်။ ကိုယ်က social media post လေးတွေပဲဆွဲတယ် client က poster လာအပ်ရင် ပွင့်လင်းစွာပြောပြထား သင့်ပါတယ်။ "ကျနော် ကျွမ်းကျင်တဲ့ နယ်ပယ်တော့မဟုတ်ပါဘူးခင်ဗျာ။ ဒါပေမဲ့ကျနော့်ကို ယုံကြည်တယ်ဆိုရင် ကျနော်ဆွဲကြည့်ပေးပါ့မယ်။ အဆင်မပြေတာတွေရှိရင် ပြောပါခင်ဗျာ။" စသည်ဖြင့် အလုပ်မစခင်တည်း က ပြောပြပေးထားသင့်ပါတယ်။ ကိုယ့် skill ပိုင်းအရ ခက်ခဲမယ်၊ မလုပ်တတ်တဲ့ ဒီဇိုင်းတွေဆိုရင် reference ပြကတည်းက ပြောပြထားသင့်ပါတယ်။ Client ဘာပြောပြော မကျွမ်းကျင်ပဲ yes နေရင် အဆင်ပြေမှာမဟုတ်ပါဘူး။


၄။ Client တွေကို ဒီဇိုင်နာ ဘာသာစကား တွေမပြောပါနဲ့ အလုပ်အပ်တဲ့သူတွေက စီးပွားရေး၊ marketing၊ စက်မှု၊ ထုတ်ကုန် စသည့် နယ်ပယ် အမျိုးစုံ ကဖြစ်နိုင်ပါတယ်။ ဒီဇိုင်းပညာနဲ့ ရင်းနှီးသူတွေရှိသလို ဒီဇိုင်းနဲ့စိမ်းတဲ့ သူတွေအများအပြားရှိနေပါတယ်။ ကိုယ့် ဒီဇိုင်းလေးတွေ တင်ပြတဲ့နေရာမှာ ဒီဇိုင်နာ ဘာသာစကားဖြစ်တဲ့ (stroke, gradient, alignment, balance, typo, tracking, leading) စတဲ့ စာလုံးတွေမသုံးပဲ အနားသတ်လေး ထူလိုက်မလား, အရောင်ပြေးလေးထည့်ကြည့်မလား, ဒီလိုလေးပုံတွေစီ မလား၊ စားလုံးလေးတွေချဲ မလား၊ ဟ မလား စသည်ဖြင့် နားလည်အောင်ပြောပြသင့်ပါတယ်။ ကျနော့်ဆရာ ပြောသလို "ဆရာဝန်တစ်ယောက် က ကိုယ့် ကို ဆေးပညာ အသုံးအနှုန်းတွေနဲ့ ပဲ ရှင်းပြနေရင်ဘယ်လို ခံစားရမလဲ" ကိုယ်ချင်းစာတွေးကြည့် သင့်ပါတယ်။ ကိုယ်ပြောချင်တာ client ကနားမလည် သဘောမပေါက်ရင် အဆင်မပြေနိုင်ပါဘူး။


၅။ Professional ဆန်ပါ ဘယ်အလုပ်မဆို professional ဆန်ဆန်လုပ်တာ အကောင်းဆုံးပါ။ ဒီနေ့ version 2 ပြမယ်လို့ client ကို ကတိပေးထားရင် ပြဖြစ်အောင်ပြပေးပါ။ အလုပ်တွေများလို့ မပြီးသေးရင်လည်း client ကို ဆက်သွယ် အကြောင်းကြားပေးပါ။ ဒီဇိုင်းပိုင်းဆိုင်ရာ အဆင်မပြေတာတွေရှိရင် လည်း အားမနာဖို့ client ကို ပြောပါ။ ဒီဇိုင်းအပ်ရင် ဒီဇိုင်းခ ဘယ်လောက်ကျသင့်ပါမယ်၊ စရန်ပေးဖို့လိုပါတယ် စသည်ဖြင့် မိမိလိုအပ်ချက်များ ရှိရင် ပွင့်ပွင့်လင်းလင်းသာပြောပါ။ Professional ဆန်ဆန် အလုပ်လုပ်မှ သာ client နဲ့ ဒီဇိုင်နာ ဆက်ဆံရေး ရည်ရှည်မှာ အဆင်ပြေမှာဖြစ်ပါတယ်။



ree

 
 
 

Kommentarer


bottom of page